ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ

ဒဂုံတောင် ဒီဇင်ဘာ ၅

လူငယ်များ အသိပညာဗဟုသုတတိုးတက်ရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာ‌ဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ၂၂ ရပ်ကွက်၊ ရတနာပုံလမ်းရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပသည်။

ဟောပြောပွဲတွင် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာဦးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရုံး ဦးစီးအရာရှိ ဒေါ်သန်သန်းအေးက လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်ခေါင်းစဉ်ဖြင့် လူငယ်များဘဝတ‌လျှောက်တွင် မူးယစ်သားကောင်များအဖြစ်မှလွတ်မြောက်စေရေး၊ မူးယစ်ဆေး၏ ဆိုးကျိုးများကို ကျောင်းသားကျာင်းသူများ လွယ်ကူစွာသိရှိမှတ်သားနိုင်စေရေး ဥပမာပုံပြင်များဖြင့် ဟောပြော၍ မြို့နယ်စာရေးဆရာအသင်းအတွင်းရေးမှူး စာရေးဆရာသက်ဝေမောင်က လူငယ်နှင့်ကိုယ်ကျင့်တရားခေါင်းစဉ်ဖြင့် ကိုယ်ကျင့်တရားကောင်းမွန်အောင်နေထိုင်ပုံ၊ ကိုယ်ကျင့်တရားကောင်းမွန်ခြင်း၏ အကျိုးကျေးဇူး၊ ကိုယ်ကျင့်တရားကောင်းမှ အောင်မြင်သော‌လူတော်လူကောင်းအဖြစ်သို့ ရောက်ရှိမည်ဖြစ်ကြောင်းများအား ဥပမာပုံပြင်များဖြင့် ပြောကြားသည်။

ထို့နောက် ကျောင်းသား‌/ ကျောင်းသူများက ယခုလို လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲများကျင်းပ‌ ပေးသော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ပြို့နယ်စာရေးဆရာအသင်းတို့အား အထူးပင်ကျေးဇူးတင်ကြောင်းပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထား‌သော စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များအား စိတ်ဝင်တစားလှည့်ပတ်ကြည့်ရှုကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ယခုလိုလူငယ်အသိပညာပေး ဟောပြောပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ကျော်စွာမိုး(ဒဂုံတောင်)