လိပ်သိုမြို့၌ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြသခြင်းနှင့် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

လိပ်သို ဒီဇင်ဘာ    ၆

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများအား အမျိုးသားရေးစိတ်ဓာတ်အမွေကို ခံယူထိန်းသိမ်းတတ်စေရေး အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များနှင့်ပတ်သက်၍ ကျောင်းသား/ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလေ့လာမှတ်သားနိုင်ရန်အတွက် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြသခြင်းနှင့် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင်  (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့သည် (၇.၁၂.၂၀၂၃) ရက်နေ့တွင် ကျရောက်မည်ဖြစ်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ရှေ့စာမျက်နှာနှင့် “အမျိုးသားရေး စိတ်ဓာတ်အမွေကို ဆက်လက်ခံယူ   ” ဆောင်းပါးပါ ကောက်နှုတ်ချက်များ၊ ၂၀၂၃ ခုနှစ်၊ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ ပညာ ရေးမျှော်မှန်းချက်များ၊ “အမျိုးသားရေး တာဝန်” ဆိုသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏  (၁၇.၁၁.၂၀၂၂)ရက်နေ့ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ ကောက်နှုတ်ချက်၊ “အေးအတူပူအမျှ ” ဆိုသည့် ဗိုလ်ချုပ်အောင်ဆန်း (၂၀.၁.၁၉၄၆) ရက်နေ့၊  ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာညီလာခံကြီးတွင် ပြောကြားခဲ့ သော မိန့်ခွန်းကောက်နှုတ်ချက်၊ ရန်ကုန်ယူနီဗာစတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို  အဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁) ဦး၏ အမည်များ၊ ဘိုမျိုး (ရွှေဘို)၏ “ အမျိုး သားနေ့ မမေ့အပ်ရာ” ကဗျာ၊  “ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့” ဆိုသည့် ဆောင်ပုဒ်များ စသည်တို့ပါဝင်သည့် လက်ကမ်းစာစောင်များအား ကျောင်းသား၊ လူငယ်၊ ပြည်သူများ ဖတ်ရှုနိုင်ရန်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထို့နောက် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများကို ပြသထားသော နံရံကပ်စာစောင်များအား မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်နှင့် ဝန်ထမ်းများက လှည့်လည် ရှင်းလင်းပြသပေးရာ ကျောင်းသား/ကျောင်းသူများက စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)