ဆင်ပေါင်ဝဲမြို့၌ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ အခမ်းအနားကျင်းပ

ဆင်ပေါင်ဝဲ ​ဒီဇင်ဘာ ၆

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမ၌ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ပန်းချီပြိုင်ပွဲ အခမ်းအနားကို ယနေ့ နေ့လယ် ၁ နာရီက  ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနိုင်လင်းက (၁၀၃) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ပြန်/ဆက်ဦးစီးဌာနအနေဖြင့် ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးများထက်မြက်စေရန်၊ ဗလငါးတန်နှင့်ပြည့်ဝပြီး မိမိကိုယ်ကိုယုံကြည်မှုရှိ​​သောကျောင်းသားလူငယ်များရည်ရွယ်၍ ကျင်းပရခြင်း ဖြစ်ပါကြောင်းရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အခြေခံပညာမူလတန်းလွန် ကျောင်းသား/ သူ (၂၀) ဦးအား ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက အမှတ်တရပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)