ကျွန်းလှမြိုနယ်တွင် မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများအား မျိုးကွဲနုတ်ပယ်ခြင်း၊ ပိုးမွှား ကျရောက်မှု ကင်းထောက်ခြင်းနှင့် အသိပညာပေးဆောင်ရွက်

ကျွန်းလှ      အောက်တိုဘာ         ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ စိုက်ပျိုးသော မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများအား မျိုးကွဲနုတ်ပယ်ခြင်း၊ ပိုးမွှားကျရောက်မှု ကင်းထောက်ခြင်းနှင့် အသိပညာပေးခြင်းကို ယနေ့ နံနက်()နာရီက မြို့မနည်းပညာပြန့်ပွားရေး စင်တာအတွင်းရှိ မကျည်းအင်း၊ လွှတ်တိုက် နှင့် ရှမ်းစုကျေးရွာ အုပ်စုမှတောင်သူ(၂၂)ဦး၏ စိုက်ဧက(၆၅)ဧက၌ ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေး တာဝန်ခံဒေါ်ခင်မြမြသွယ်က စပါးခင်းများ တွင် ဓါတ်မြေဩဇာကို အချိန်ကိုက်အချိုးညီ စနစ်တကျ သုံးစွဲရေး၊ သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲရေး၊ စပါးပင်ယိုင်လဲမှု မရှိစေရန်နှင့် အစေ့အဆံအောင်မြင် ပြည့်ဖြိုးစေရန် Potash မြေဩဇာသုံးစွဲရေး ကိုလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပေါင်းမြက်ကင်းစင်ရေး၊ မျိုးကွဲများနုတ်ပယ်ရေး၊ မျိုးကောင်းမျိုးသန့်၊ မျိုးစေ့ ရရှိရေးတို့ကို တောင်သူများ တွေ့ဆုံပြီး ပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် CERP အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်ကွက်အဖြစ် တောင်သူ (၈၉)ဦးမှ ဧက(၃၃၀) စိုက်ပျိုး ထားကြောင်း၊ ယခုအခါ စပါးစိုက်ခင်းများ ပိုးမွှားကျရောက်မှု နည်းပါးပြီး မိတ်ဆွေပိုးများသာ တွေ့ရှိရကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနက သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)