ကော့မှူး အောက်တိုဘာ ၂၅
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲရုံများတွင် တာဝန် ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်ပွဲကို ရန်ကုန် တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ ကြီးမှူး၍ ယနေ့ နံနက်(၁၀)နာရီက နတ်စင်ကုန်း ကျေးရွာ မင်္ဂထဖလာစမ်းချောင်း ဘုန်းတော်ကြီးကျောင်းတိုကဓမ္မာရုံ၌ ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်ဝင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထင်အောင်တို့ က ရွေးကောက်ပွဲဆိုင်ရာသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားကာ မဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး ပညာရေးဝန်ထမ်း ဆရာ/ဆရာမများအား လုပ်ငန်းလမ်း ညွှန်ချက်များ၊ လုပ်ငန်းလက်စွဲများ၊ မဲပေးခြင်း၊ မဲရေတွက်ခြင်းနှင့် ရလာဒ်များ ထုတ်ပြန်ကြေညာခြင်းများ၊ ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက်နိုင်ရေးလုပ်ငန်း လမ်းညွှန်ချက်များကို သင်ကြားပို့ချပေးမည်ဖြစ် ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူး (၃၂၂)ဦးတို့အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထား သော ကိုဗစ်-၁၉ အစီအမံများနှင့်အညီ အခန်း(၂)ခန်းတွင် (၃)ရက်ခွဲ၍ ယနေ့ အောက်တိုဘာလ(၂၇)ရက်နေ့အထိ သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
(ကျော်သူရ-ကော့မှူးပြန်/ဆက်)