ရေတာရှည်မြို့နယ် Community Centre ခန်းမ၌ (၁၀၃)နှစ်​မြောက် အမျိုးသား​အောင်ပွဲနေ့အထိမ်းအမှတ် ​စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ရေတာရှည်ဒီဇင်ဘာ ၇

ပဲခူးတိုင်း​​ဒေသကြီး၊​ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန(Community Centre)ခန်းမ၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကိုယမန်နေ့ နေ့လယ်(၁း၃၀)အချိန်တွင် ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ကြူကြူခိုင်က ပြိုင်ပွဲကျင်းပရခြင်းမှာ ကလေးငယ်များ ဥာဏ်ရည်ဖွံဖြိုးတိုးတက်စေရန်နှင့် ပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်လိုစိတ်ရှိစေရန် ရည်ရွယ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများကို ဆက်လက်ကျင်းပ ပြုလုပ်ခဲ့သည်။ ထို့နောက် ဗဟုသုတရရှိစေမည့် အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။

ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်စေရန်၊ စိတ်ပျော်ရွှင် ကြည်နူးစေရန်၊ စာကြည့်တိုက်ကို အသုံးပြုလာတတ်စေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဆေးရောင်ခြယ်ခြင်း၊ ပန်းချီရေးဆွဲခြင်းများ၊ ပန်းချီရေးဆွဲနည်းများ၊ ကဗျာရွတ်ပြိုင်ပွဲများ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများနှင့် စာအုပ်စာစောင်ပြပွဲများကို စဥ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)