ရှမ်းရွာသစ် အောက်တိုဘာ ၂၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၀ပြည့်နှစ် ၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်း ပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန်အတွက် မဲရုံသုံးပစ္စည်းများကို လှိုင်းဘွဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲရုံးများသို့ ယနေ့နံနက်ပိုင်းမှစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။
ထိုသို့မဲရုံသုံးပစ္စည်းများထုတ်ပေးရာတွင် မဲရုံသုံးပစ္စည်းများဖြစ်သည့် မဲရုံများတည်ဆောက်ရာ၌ သိရှိရမည့် မဲရုံအခင်းအကျင်းနမူနာပုံစံ၊ မဲရေတွက်ခြင်း ခြင်းတောင်းများ၊ မဲပုံးများ၊ မဲရုံအတွက်ဆန္ဒပြုခန်း၊ အသိပညာပေးဗီနိုင်းများ၊ လုံခြုံရေးကြိုး၊ မဲရုံမှူး/ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များအတွက် လက်စွဲစာအုပ်၊ ရွေးကောက်ပွဲတာဝန်ရှိသူများ စစ်ဆေးရန် အချက်အလက်များဖြစ်သည့် စာအုပ်များနှင့် မဲရုံများအတွက် လိုအပ်သည့် ပစ္စည်းများ၊ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ထုတ်ပေးခဲ့ ကြောင်း သိရှိရသည်။
ရှမ်းရွာသစ်မြို့အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မြို့ပေါ် (၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉) အုပ်စု၊ မဲရုံ (၁၆)ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ လူဦးရေစုစုပေါင်း ((၁၂၃၈၂) ဦး ရှိကြောင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရှိရသည်။
ဇင်လေး(ပြန်/ဆက်)