တမူး အောက်တိုဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ရဲဝန်ထမ်းဟောင်း(အငြိမ်းစား)များအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က နယ်မြေခံတပ်ရင်း အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် နယ်မြေခံတပ်မှ မြို့နယ်အတွင်းရှိ ရဲဝန်ထမ်းဟောင်း (အငြိမ်းစား) (၁၂)ဦးတို့ အတွက် တစ်ဦးလျင် (၁၄)ရက်စာ ရိက္ခာဆန်(၁၇)ပေါင် (၅)အောင်စ၊ ဆီ(၂၈) ကျပ်သား၊ ဆား(၆၈)ကျပ်သား၊ ပဲ(၄၂)ကျပ်သားဖြင့် ရိက္ခာ(၄)မျိုးနှင့် တမူးခရိုင်ရဲတပ်ဖွဲ့မှ ကြက်သွန်ဖြူ(၁)ပိသာ၊ နှာခေါင်းစည်း(Mask) တစ်ဘူး၊ ငွေသား(၅၀၀၀)စီကျပ်တို့ကို နယ်မြေခံတပ်မှ ခေတ္တတပ်ရင်းမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လင်းလင်းနိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးသိန်းတို့မှ ထောက်ပံ့ပေးအပ်ခဲ့ပြီး ရဲဝန်ထမ်းဟောင်း(အငြိမ်းစား) (၁၂)ဦးတို့အတွက် တစ်ဦးချင်း ထောက်ပံ့မှု စုစုပေါင်းတန်ဖိုးမှာ (၁၆၃၅၀)ကျပ် ဖြစ်ကြောင်း သိရှိရသည်။
ကျော်သူရ(ပြန်/ဆက်)