စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ် ဖြင့် စိုက်ပျိုးထားသော မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများအား ကွင်းဆင်းစစ်ဆေး

တမူး အောက်တိုဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊တမူးမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP)ဖြင့် စိုက်ပျိုးထားသော မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများအား ယမန်နေ့ နံနက်(၈)နာရီ အချိန်ကကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ကွင်းဆင်း စစ်ဆေးရာတွင် တမူးမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးဆန်းဦးနှင့် ဝန်ထမ်း များ၊ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်ခင်သန်းဌေး၊ခရိုင် ပိုးမွှားတာဝန်ခံ ဦးဇော်ထွန်း တို့မှ အဖွဲ့ (၅)ဖွဲ့ခွဲ၍ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၆) စုမှ တောင်သူ(၃၄)ဦး စိုက်ပျိုး ထားသော  မျိုးစေ့ထုတ် စိုက်ခင်းများတွင် မျိုးကွဲပါဝင်မှု၊ပင်ပွားထွက်ရှိမှု အခြေအနေ၊ ပိုးမွှား ကျရောက်မှု ရှိ/ မရှိ၊ပေါင်းမြက် ကင်းစင်ရေး၊ အထွက်နုန်း သိရှိနိုင်ရေးတို့အတွက် ကွင်းဆင်း စစ်ဆေးခဲ့ပြီး ပိုးမွှားအန္တရာယ် ကာကွယ်နိုင်ရေး နည်းလမ်းများနှင့် ပိုးမွှားများ ကျရောက်ခဲ့ လျင်လည်း သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုလျော့ချစေရေးနှင့်ဓာတုကင်းလွက် သီးနှံများရရှိ စေရေး တို့အတွက် သဘာဝပိုးသတ်ဆေးများ ဖျော်စပ်၍ အသုံးပြုနိုင်ရေးအတွက် တောင်သူ များနှင့်တွေ့ဆုံပြီး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

တမူးမြို့နယ်တွင် ကိုဗစ်-၁၉စီးပွားရေး ကုစားမှု အစီအစဥ်ဖြင့် မိုးစပါးမျိုးစေ့ထုတ်(၁၆၀)ဧက စိုက်ပျိုးထားပြီး သက်ဆိုင်ရာ စိုက်ကွင်းတာဝန်ခံများ နှင့်ဝန်ထမ်းများက အထွက်နုန်း ကောင်းမွန်ရေး မျိုးကောင်းမျိုးသန့် ရရှိရေးတို့အတွက် လိုအပ်သည့်နည်းပညာများကို တောင်သူများနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ကျော်သူရ(ပြန်/ဆက်)