ရွှေဘိုခရိုင် ဝက်လက်မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ စိုက်ပျိုး ထားသည့် မျိုးစေ့ထုတ်စိုက်ခင်းများအား Field Inspection Campaign ပြုလုပ်

ဝက်လက် အောက်တိုဘာ  ၂၆

စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့မ နည်းပညာ ပြန့်ပွားရေးစင်တာရှိ ဝန်ထမ်းများက COVID-19 စီးပွားရေးကုစားမှုအစီအစဥ် (CERP)ဖြင့် ဆောင်ရွက်သော မိုးစပါးစိုက်တောင်သူ မျိုးစေ့ထုတ်စိုက်ခင်းများအား Field Inspection Campaign ပြုလုပ်ခြင်းကို အောက်တိုဘာ ၂၅ရက်နေ့နံနက်(၁၀)နာရီက လိန်ပင်ကျေးရွာ ကွင်း အမှတ်-၃၄၅၈/၃၄၅၉ ရှိ တောင်သူ(၁၀)ဦး၏ စိုက်ဧက(၈၀)တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

မျိုးစေ့ထုတ်စိုက်ခင်းများသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့်တောင်သူများပူးပေါင်း၍ မျိုးကွဲ၊ ပိုးမွှားရောဂါကာကွယ်ရေး၊သတ်မှတ်ထားသောနယ်နိမိတ်အကွာအဝေး ရှိ/မရှိ၊ရောဂါကျအပင် နှင့်ပေါင်းမြက်များကို စနစ်တကျနှုတ်ပယ်ရန်၊ သတ်မှတ်စံချိန် စံညွှန်းနှင့်ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ဝက်လက်မြို့နယ်တွင်(CERP)အစီအစဥ်ဖြင့် ပေါ်ဆန်းရင် မိုးစပါး(၁၄၅၀)ဧက၊ ဧရာမင်းမိုးစပါး (၅၀)ဧက၊ ရက် ၉၀ မိုးစပါး(၁၀၀)ဧက၊ စုစုပေါင်း(၁၆၀၀)ဧကကို ကျေးရွာပေါင်း(၄၇)ရွာ၊ တောင်သူပေါင်း(၄၃၄)ဖြင့် စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

အိမွန်ထွန်း(ဝက်လက်)