မြဝတီ ဖေဖော်ဝါရီ ၂၆
ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် “ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် သတိပြုကာကွယ်” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ စာကြည်တိုက်မှူး ဒေါ်သီရိချောက ဆွေးနွေးတိုင်ပင်ရမည့် အကြောင်းကိစ္စများကို ဆွေးနွေးပြောကြားနိုင်သည့် အခွင့်အလမ်းများအား ဖော်ဆောင်ပေးရန်၊ မိမိရပ်ကွက်ဒေသမှာ ဖြစ်ပေါ်နေသည့် အကြောင်းအရာများကို အများပြည်သူ ကြားတွင် ဆွေးနွေးမှုများရှိလာစေရန်၊ ပြည်သူလူထု၏ စဉ်းစားတွေးခေါ်မှုများ မြင့်မားလာပြီး ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထ များ ဖြစ်ပေါ်လာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်လျက်ရှိကြောင်း မြဝတီခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးသန့်ဇင်က အဆုတ်ရောင်ရောဂါနှင့် ပတ်သက်၍ အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် မြဝတီမြို့ ခရိုင်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်ဦး၊ ခရိုင်အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိုင်းထွန်းဇော်တို့က အဆုတ်ရောင်ရောဂါ 2019 Novel Coronavirus စတင်ဖြစ်ပွားမှုနှင့် ကူးစက်ပျံ့နှံ့နေမှု၊ ရောဂါ၏ လက္ခဏာများ၊ ကြိုတင်ကာကွယ်ရန် လိုက်နာရမည့် အရေးပါသည့် ဆောင်ရန်/ရှောင်ရန် အချက်များ၊ လူထူထပ်သည့် နေရာများသို့ သွားလာပါက နှာခေါင်းစည်းတပ်ရန်၊ နှာချေချောင်းဆိုးသည့်အခါ အသုံးပြုသည့် လက်ကိုင်ပါဝါ (သို့မဟုတ်) တစ်ရှူးစများကို စနစ်တကျ စွန့်ပစ်ရန်၊ လက်ကိုစင်ကြယ်အောင် မကြာခဏ ဆေးကြောသင့်ကြောင်းနှင့် ကျန်းမာရေးသိကောင်းစရာများကို ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းက ပလတ်စတစ်များ သုံးစွဲမှုကြောင့် ရရှိနိုင်သော ကင်ဆာ ရောဂါများနှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုအကြောင်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသူများက အဆုတ်ရောင်ရောဂါ 2019 Novel Coronavirus နှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းကြရာ မြို့ဝတီခရိုင်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်ဦးက ပြန်လည် ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်သူ့စကားဝိုင်းသို့ မြို့ပေါ်ရပ်ကွက်မှ ရပ်ကွက်သူရပ်ကွက်သားများနှင့် လူငယ်များစုစု ပေါင်း ၅၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)