မောင်တော ဒီဇင်ဘာ ၈
ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ "နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး တာဝန်ပေး ဦးမြင့်ခိုင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အခန်း (၅) ဆန်းသစ်တီထွင်နိုင်မှုနှင့် ယှဉ်ပြိုင်နိုင်မှု စွမ်းရည်ရှိခြင်း ခေါင်းစဉ်ရှိ အကြောင်းအရာများအား ဖတ်ကြားခဲ့သည်။
ဆက်လက်၍ မောင်တော ခရိုင်ရုံး ရှိဝန်ထမ်းများက ရိုးသားဖြောင့်မတ်ခြင်း၊ ဂုဏ်သိက္ခာရှိခြင်းနှင့် ယုံကြည်ထိုက်ခြင်း၊ ထူးချွန်ပြောင်မြောက်မှုနှင့် အတတ်ပညာရပ်ဆိုင်ရာကျွမ်းကျင်မှုရှိခြင်း၊ အားလုံးပါဝင်၍ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုရှိခြင်း ခေါင်းစဉ်များရှိ ပါဝင်သော အချက်အလက်၊ အကြောင်းအရာများအား တစ်ဦးချင်း ဖတ်ကြားခဲ့ကြပြီး သိလိုသည်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
သက်လွင်စိုး ၊ အောင်ကျော်စိန်