ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေ

မောင်တော  ဒီဇင်ဘာ   ၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်နေ့တွင် ကျရောက်သော (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ကိုကြိုဆိုသောအားဖြင့် ခရိုင်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့ နေ့လယ်ပိုင်း  မြို့တွင်းလမ်းဆုံ လူစည်ကားရာနေရာများတွင် အခမဲ့ ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ  (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်တွင် ၂၀၂၃ ခုနှစ် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ အမျိုးသားရေးစိတ်ဓာတ်အမွေကို ဆက်လက်ခံယူ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (၁၇-၁၁-၂၀၂၂)ရက်နေ့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာမှ ကောက်နုတ်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း (၂၀-၁-၁၉၄၆) ရက်နေ့ ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာညီလာခံတွင် ပြောကြားသော မိန့်ခွန်းမှ ကောက်နုတ်ချက်များ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်း သားကြီး (၁၁)ဦး၏ အမည်များ၊ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့၊ ကဗျာဆရာ ဘိုမျိုး(ရွှေဘို)ရေးသားသည့် အမျိုးသားနေ့ မမေ့အပ်ရာကဗျာနှင့် ပညာရေးမျှော်မှန်းချက် ဆောင်ပုဒ်များ စသည့် အကြောင်းအရာများ ထည့်သွင်းဖော်ပြထားသော လက်ကမ်းစာစောင်များကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သက်လွင်စိုး၊ အောင်ကျော်စိန်