အုတ်ဖို အောက်တိုဘာ ၂၆
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးအား ရွေးကောက်ပွဲဆိုင်ရာ သင်တန်းပို့ချခြင်းကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အလက (ချမ်းမြသာမြေ) တွင် ယနေ့ နံနက်(၈)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါရွေးကောက်ပွဲဆိုင်ရာ သင်တန်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ အခန်းများ(ခွဲ)၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ လက်စွဲစာအုပ်ပါ အချက်များ၊ လုပ်ငန်းလမ်းညွှန်ချက်များ စသည် တို့ကို ဆွေးနွေးပို့ချသွားမည်ဖြစ်သည်။
အုတ်ဖိုမြို့နယ်တွင် မဲရုံပေါင်း (၁၂၆) ရုံမှ မဲရုံမှူးနှင့် ဒုတိယမဲရုံမှူး (၂၅၂)ဦးတို့အား အောက်တိုဘာလ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ (၂)ရက်တာ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်သူ(အုတ်ဖို)