ညောင်လေးပင်မြို့ အ.ထ.က(၂)ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ညောင်လေးပင် ဒီဇင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အ​ခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က ညောင်လေးပင်မြို့ အ.ထ.က(၂)ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပခဲ့‌ကြောင်း သိရသည်။

ရှေ့ဦးစွာ လူငယ်စကားဝိုင်းတွင် ‌ကျောင်းအုပ်ဆရာကြီးဦးမြတ်သူက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီနီဝင်းက လူငယ်စကားဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ပြောကြားခဲ့သည်။ ထို့နောက် Grade -10 နှင့် Grade-11 မှ ကျောင်းသား၊ ကျောင်းသူ (၅)ဦးမှ လူငယ်နှင့် သမိုင်းအသိအမြင်၊ ပညာရကြောင်း အကြောင်းရှစ်ပါး၊ စိတ်ကလေးထားတက်ပါစေ၊ လူဆိုသည်မှာနှင့် ဘာသာပြန် ဆိုသော ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးခဲ့ကြရာ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဆွေးနွေး ပြောကြားခဲ့ကြသည်။

အဆိုပါလူငယ်စကားဝိုင်းသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီနီဝင်း၊ အ.ထ.က(၂) ကျောင်းအုပ်ဆရာကြီး ဦးမြတ်သူနှင့် ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာ လူကြီးများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)