ရန်ကုန် အောက်တိုဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန်၊ မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်နှင့် ရေမြောင်းများ အတွင်း အမှိုက်များ ပိတ်ဆို့မှု မရှိစေရန် ရည်ရွယ်၍ ရေစီးရေလာ ကောင်းမွန်ရေးကို ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းသန်း နှင့် တာဝန်ရှိသူများသည် ရေစီးရေလာ ကောင်းမွန်ရေး အတွက် AE ဦးဟန်ကျင်မှ တာဝန်ယူ ဆောင်ရွက်နေသည့် ကမ်းနားအလယ် ရပ်ကွက်၊ အ.ထ.က(၄)ကျောင်းရှေ့နှင့် ကျောင်းနောက် Box Culvert ဆောင်ရွက်နေသည့် မြောင်းဖော် အုတ်စီ၊ မြောင်းဖုံး ဆောင်ရွက်နေသည့် လုပ်ငန်းခွင်နှင့် အင်းစိန်ခုံးကျော် တံတားလမ်းဆုံဘေး ရေမြောင်းဖော်ခြင်း လုပ်ငန်းခွင်များသို့ သွားရောက်၍ ကြည့်ရှု စစ်ဆေးခဲ့ပြီး ပြီးစီးမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို စစ်ဆေး ခဲ့ရာ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပူးပေါင်းပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)