စမ်းချောင်း အောက်တိုဘာ ၂၆
ကိုဗစ်−၁၉ ကာကွယ်ထန်းချုပ်စဉ် ကာလအတွင်း ပြည်သူများစားဝတ်နေရေး အစဉ်ပြေစေရေး အတွက် We Love Sanchaung ပရဟိတအဖွဲ့သည် အနယ်နယ်အရပ်ရပ်မှ လှူဒါန်းပေး လျက်ရှိသော အလှူရှင်များ ကိုယ်စား ရပ်ကွက်( ၅)ရပ်ကွက်ရှိ အိမ်ထောင်စု(၆၅)စုအတွက် အခြေခံ စားသောက်ကုန်များကို ယနေ့နံနက်ပိုင်းကသွားရောက်လှူဒါန်းခဲ့သည်။
လှူဒါန်းရာတွင် ကျွန်းတော (တောင်)ရပ်ကွက်၊ မုန့်လုပ်ဆောင်း(တောင်)ရပ်ကွက်၊ ဝေဠုဝန် (တောင်) ရပ်ကွက်၊ သံတံတားရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်တို့ရှိ အခြေခံ အိမ်ထောင်စု (၆၅)စု အတွက် တစ်အိမ်ထောင်လျှင် ဆန်(၆)ပြည်အိတ်(၂)အိတ် ၊ဆီ(၅၀)သား(၁)ဗူး၊ ခေါက်ဆွဲခြောက် ဖာ(၁)ဖာ၊ ငါးသေတ္တာ(၅)ဗူး၊Royal D(၂)ဗူးတို့ကို We Love Sanchaung ပရဟိတ အဖွဲ့မှ အိမ်တိုင်ရာယောက်သွားရောက်လှူဒါန်းပေးခဲ့ကြောင်းသိရှိရသည်။
ခင်ဆူးသစ်(ပြန်/ဆက်)