ဘောဂလိ၊ အောက်တိုဘာ ၂၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ကိုဗစ်-၁၉ရောဂါ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask) များအခမဲ့ဖြန့်ဝေခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက ဘောဂလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း ၍ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါလုပ်ငန်းတွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားပျံ့နှံ့နေမှုများအပေါ် ဘောဂလိမြို့ပေါ် (၄) ရပ်ကွက်ရှိ ပြည်သူများအနေဖြင့် ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်ရန်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ သွားလာနေထိုင်ပြုမူကြရန်နှင့် နှာခေါင်းစည်း( Mask) များကိုလည်း စနစ်တကျတပ်ဆင်သွားလာရန်အတွက်ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နှာခေါင်းစည်း(Mask)များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
ဘောဂလိမြို့ (ပြန်/ဆက်)