တမူး အောက်တိုဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊တမူးမြို့ နယ်စပ်လမ်းဖောက်လုပ်ရေးစခန်း (BRTF) Quarantine Centre တွင် ကန့်သတ်စောင့်ကြည့်ထားသူ (၆၉) ဦးတို့ထံမှ နှာခေါင်းနှင့်အာခေါင် တို့ဖတ် Swapနမူနာ ရယူခြင်းကို ယနေ့ နံနက်(၁၀:၃၀) နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် တမူးခရိုင် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူရ နှင့် ကျန်းမာ ရေးဝန်ထမ်းများက Positive လူနာများနှင့်ထိတွေ့ဆက်စပ်ခဲ့သူ (၄၉)ဦး၊ ပြည်ပပြန် (၁၇)ဦး၊မန္တလေးမြို့မှပြန်ရောက်ရှိသူ(၃)ဦးစုစုပေါင်း(၆၉)ဦးတို့၏ နှာခေါင်းနှင့်အာခေါင် တို့ဖတ် နမူနာများ အားကျန်းမာရေးဝန်ထမ်းများက စစ်ဆေးရယူကြပြီး ၄င်းတို့၏ ဓာတ်ခွဲနမူနာ များအား မန္တလေးမြို့ရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့စစ်ဆေး သွားမည် ဖြစ်ကြောင်းသိရှိရသည်
တမူးမြို့တွင် အောက်တိုဘာလ(၁၅)ရက်နေ့မှ ယနေ့ထိ Covid-19 Positive အတည်ပြု လူနာ (၈)ဦးရှိပြီး ၄င်းလူနာများအား တမူးခရိုင်ပြည်သူ့ဆေးရုံရှိ ပိုးတွေ့လူနာများ ထားရှိသော သီးသန့် အဆောင်တွင် အထူးကြပ်မတ်ကုသလျက်ရှိပြီး ကျန်းမာရေးကောင်းမွန် လျက်ရှိကြောင်း တမူးခရိုင်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူရ ထံမှ သိရှိရသည်။
ကျော်သူရ(ပြန်/ဆက်)