ကျိုက်မရောမြို့ လူထုအခြေပြူဗဟိုဌာန၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲ ပြုလုပ်

ကျိုက်မရော ဒီဇင်ဘာ ၁၃

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ပြုလုပ်ခဲ့သည်။

ဦးစွာ  ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံအကြောင်းနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် (၇၆)နှစ်​မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုအဖြစ် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်အတွက် စာအုပ်စာစောင်များနှင့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုဖြစ်စဥ် သမိုင်းမှတ်တမ်းဓာတ်ပုံများ၊ နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ  ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရူခဲ့ကြသည်။

အဆိုပါစာအုပ်ပြပွဲနှင့်  နံရံကပ် စာစောင်ပြသခြင်းများကို  လူထုအခြေပြုဗဟိုဌာနခန်းမ၌  တစ်ပတ်တိတိ ဆက်လက်ပြသပေးထားမည်ဖြစ်ရာ မည်သူမဆို လာရောက်လေ့လာ ကြည့်ရူနိုင်ကြောင်း သိရသည်။

မြို့နယ်  (ပြန်/ဆက်)