ကလေးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားရေး ဆွေးနွေးပွဲကျင်းပ

ကလေး၊ ဒီဇင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ည‌နေပိုင်းက ဝန်ထမ်းများအနေဖြင့် လုပ်ငန်းခွင်တွင် ကျွမ်းကျင်မှုရှိစေပြီး လုပ်ငန်းစွမ်းဆောင် ရည်မြှင့်မားစေရေးဆွေနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်က ဝန်ထမ်းများစွမ်းဆောင်ရည် မြင့်မားရေးဆွေးနွေးပွဲ ပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူးက နိုင်ငံ့ဝန်ထမ်းနည်းဥပ‌ဒေများ စာအုပ်မှဝန်ထမ်းခန့်ထားခြင်းနှင့် ဌာနကူးပြောင်းနာဝန်ထမ်းဆောင်ခြင်းဆိုင်ရာ နည်းဥပဒေပါပြဌာန်းချက် အကြောင်းအရာများကို အကျယ်တဝင့်ဆွေး‌နွေးခဲ့ရာ ဝန်ထမ်းများက သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြသည်။

ထိုသို့ ဆွေးနွေးပွဲများကျင်းပ ပြုလုပ်ပေးခြင်းဖြင့် ဝန်ထမ်းများအနေဖြင့် ဌာနလုပ်ငန်းများ ဆောင်ရွက်ရာတွင် များစွာအထောက်အကူဖြစ်စေပြီး ဝန်ထမ်းများလုပ်ငန်း စွမ်းဆောင်ရည်မြှင့်မားစေသည့် အကျိုးကျေးဇူးများ ရရှိစေနိုင်သောကြောင့် စာဖတ်ဝိုင်းအား လစဉ်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)