ကော့မှူး မတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက် ၁၁ နာရီတွင် စမ်းကောက် ကျေးရွာ၌ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်ခြင်းဖြင့် ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲနောင်ချစ်က ကော့မှူးမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်း၍ အသိပညာပေးဟောပြောခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ၊ နေအိမ်များတွင် ပိုစကာများကပ်ခြင်းတို့ကို ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်းပြောကြားသည်။
ကျော်သူရ (ကော့မှူး)