စစ်ကိုင်းမြို့ ပန်းဘဲတန်း (အ.လ.က) တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့်လူငယ်အသိပညာပေး ဟောပြောပွဲကျင်းပ

စစ်ကိုင်း ဒီဇင်ဘာ ၁၄

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းဘဲတန်းရပ် အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) တို့ ပူးပေါင်း၍ ကလေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဒီဇင်ဘာ (၁၃) ရက်၊ မွန်းလွဲပိုင်းက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ထက်ထက်လင်းကက ကျောင်းသား/ ကျောင်းသူကလေးငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရေးအတွက် ယခုလိုအခြေခံပညာကျောင်းများနှင့် ပူးပေါင်း၍ ၊ ကလေးငယ်များ အသိပညာ ဗဟုသတများရရှိစေရန် ဟောပြောပွဲများ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ ကျောင်းစာအပြင် စာအုပ်/ စာပေများကိုလည်း ဖတ်ရှုလေ့လာသွားကြဖို့လိုကြောင်း၊ စာဖတ်ခြင်းဖြင့် အသိအလိမ္မာများရရှိကာ အမှား၊ အမှန်ခွဲခြားနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ဌာနအနေဖြင့်လည်း စာအုပ်များကို အခမဲ့ငှားရမ်းပေးနေလျက်ရှိရာ လာရောက်ငှားရမ်းဖတ်ရှုလေ့လာကြပါလို ဖိတ်ကြားလိုကြောင်း ဆွေးနွေး ပြောကြားပေးခဲ့ပြီး ကျောင်းသား/ ကျောင်းသူလေးများအား ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ “ဇေယျာရွှေမြေ” လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ၊ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတများရရှိစေရန် သုတ၊ ရသ စာအုပ်များ အခမဲ့ငှားရမ်းပေးခြင်း၊ ပြပွဲ/ ပြိုင်ပွဲများကျင်းပေးခြင်း၊ အသိပညာပေးဟောပြောဆွေးနွေးခြင်းနှင့် အခါအားလျော်စွာ Talk Show များ ဆောင်ရွက်ခြင်းတို့ကို စဉ်ဆက်မပြတ်ပြုလုပ်ဆောင်ရွက် ပေးနေလျက်ရှိကြောင်း သိရသည်။

ဇော်မြင့်နိုင်

စစ်ကိုင်းခရိုင် (ပြန်/ဆက်)