ရန်ကုန် အောက်တိုဘာ ၂၆
ရန်ကုန်တိုင်း ဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အထွေထွေရောဂါကုဆေးရုံကြီး (အင်းစိန်)၊ ဖျားနာ ဆောင်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ကုသရေးအတွက် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများအား အသင့်စားထောပတ်ထမင်း ဘူး (၁၀၀)နှင့်Royal D(၁၀၈) ဘူး တို့ကို ယမန်နေ့ နံနက်(၇)နာရီက အထွေထွေရောဂါကုဆေးရုံကြီး(အင်းစိန်)သို့ လှူဒါန်းခဲ့ ကြောင်း သိရသည်။
အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းစဉ် များတွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများအား အသင့်စား ထောပတ် ထမင်းဘူး (၁၀၀) နှင့်Royal D(၁၀၈) ဘူး တို့ကို အမှတ်(၃၀၂)၊ မိုးစန္ဒာတိုက်ခန်းတွဲ၊ မိုးစန္ဒာလမ်း၊ ကမာရွတ်မြို့နယ်မှ မိဘနှစ်ပါးကို အမှူးထား၍ ဒေါ်စုစုဆက်နှင့်သား မင်းသုခတို့မှ လှူဒါန်းရာ အင်းစိန် အထွေထွေရောဂါကုဆေးရုံကြီးမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင် စကား ပြောကြားခဲ့သည်။
အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)