ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်း ကျင်းပ

ထန်းတပင် ဒီဇင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Book Club)အဖွဲ့တို့ ပူးပေါင်း၍ (Community Centre)ခန်းမတွင် စာရေးဆရာ ရဲစတိုင်း ရေးသားသည့် ​မှတ်ဉာဏ်ထက်မြက်စေမည့် နည်းလမ်းများစာအုပ်ဖြင့် ယနေ့ မွန်းလွဲပိုင်းက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်တင်အိအိဝင်းက စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် ၊ စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့၀င် ဒေါ်အိသီရိက စာအုပ်ပါ ခေါင်းစဥ်များမှ "ဦးနှောက်မည်သို့ အလုပ် လုပ်သနည်း"  "ဆက်စပ်ပေးခြင်းကို ကျွန်တော် တို့မည်ကဲ့သို့ သင်ယူပါသနည်း"၊ "နေ့တစ်နေ့စတင်ခြင်းနဲ့ အဆုံးသတ်ခြင်း"စသည့် အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးပြီး တက်ရောက်လာကြသော စာပေဝါသနာရှင်များမှ အချင်းချင်း အမြင်ခြင်းဖလှယ်ကာ အပြန်အလှန် ဆွေးနွေးချက်များအပေါ် ဒေါ်အိသီရိက ခြုံငုံသုံးသပ် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)