စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် မင်းကင်းမြို့တွင် ချင်းတွင်းမြစ်ရေ မြင့်တက်လျက်ရှိ

မင်းကင်း အောက်တိုဘာ ၂၆

   

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချင်းတွင်းမြစ်ရေ မြင့်တက်လျက်ရှိရာ  ယနေ့နေ့လယ်ပိုင်းတွင် တိုင်းထွာချက်အရ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနိုင်ကြောင်း သိရ သည်။

မင်းကင်းမြို့တွင် ချင်းတွင်းမြစ်ရေ၏ စိုးရိမ်ရေအမှတ်သည် (၁၃၅၀)စင်တီမီတာဖြစ်၍ ယနေ့ နေ့လယ် ၁၂ နာရီခွဲအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ တိုင်းထွာချက်အရ(၁၂၆၇) စင်တီမီတာသို့ ရောက်ရှိနေသဖြင့် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိရန်(၈၃) စင်တီမီတာသာလိုတော့သည်။

သို့ဖြစ်ပါ၍   မြေနိမ်ပိုင်းတွင် နေထိုင်လျက်ရှိသော ကျေးရွာနေ ပြည်သူများ ရေဘေးအန္တရာယ် ကြုံတွေ့နိုင် သဖြင့် အချိန်မီ  ကြိုတင်ပြင်ဆင်ကြရန်နှင့် စိုက်ပျိုးထားသောအပင်များ ပျက်စီးနိုင်သဖြင့် လိုအပ်ပါက သက်ဆိုင်ရာသို့ အကူအညီတောင်းခံကြရန် မြို့နယ်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိ သူများက သတိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။

လှငွေ(မင်းကင်း)