မင်းလှမြို့တွင်  မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်းဖွင့်လှစ်ပို့ချ

မင်းလှ(အောက်အောက်တိုဘာလ  ၂၆

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ၂၀၂၀ပြည့်နှစ်၊ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့်သူများအား မဲရုံလုပ်ငန်းဆောင်ရွက်မှုများ အဆင်ပြေချောမွေ့စေရန် မဲရုံမှူး၊ဒုမဲရုံမှူးသင်တန်းကို  ..က မင်းလှ (လမ်းမတော်) ကျောင်းတွင် အောက်တိုဘာလ ၂၆ ရက်နံနက် နာရီခွဲအချိန်ကဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာ(၆၆)အုပ်စုတွင် မဲရုံပေါင်း (၁၁၇)ရုံဖွင့်လှစ်မည်ဖြစ်ရာ မဲရုံမှူး၊ ဒုမဲရုံမှူးတာဝန်ထမ်းဆောင်ကြမည့် ဆရာဆရာမ(၂၃၄)ဦးတတ်ရောက်ပြီး၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌဦးခင်ဝင်းနှင့် အဖွဲ့ဝင်များနည်းပြ ()ဦးတို့က တစ်ခန်းလျှင်လူ(၃၀) ဦးထက်မပိုစေရန် အခန်း() ခန်းခွဲ၍ နံနက် နာရီခွဲ မှ နံနက် ၁၁ နာရီခွဲချိန်ထိ ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ပို့ချပေးသွားမည်ဖြစ်ကြောင်းရှိသည်။

မင်းလှမြို့နယ်တွင် အသက်(၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲပေးခွင့်ရှိသူ ကျား(၄၆၇၃၇)ဦး၊ (၅၂၂၇၀)ဦး စုစုပေါင်း (၉၉၀၀၇) ဦးရှိကြောင်းသိရသည်။

ပေါက်စ (မင်းလှ)