အ.ထ.က(၂)သင်္ဃန်းကျွန်း Community Based Facilities Quarantine Center သို့ တစ်ရက်စာ စားသောက်ဖွယ်ရာများ Steel Stone Co.ltd မှ လာရောက်လှူဒါန်း

ရန်ကုန် အောက်တိုဘာ ၂၆

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီမှ မိမိတို့မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဆက်လက်ကူးစက်ပြန့်ပွားမှုမရှိစေရေး၊ ထိန်းချုပ်ကာကွယ်နိုင်ရေး တို့အတွက် ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သည့် Primary contact များအား ထားရှိကာ စောင့်ကြည့်နိုင်ရေးအတွက် Community Based Facilities Quarantine Center များ ဖွင့်လှစ် ဆောင်ရွက်ထားရှိကာ အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။
အဆိုပါ Quarantine Center များသို့ စေတနာရှင်ပြည်သူများကလည်း အလှူငွေနှင့် ပစ္စည်းများ၊ စားသောက် ဖွယ်ရာများကို လာရောက်လှူဒါန်းလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းအချိန်က သင်္ဃန်းကျွန်းမြို့နယ်၊ ဆယ်သိန်း ရပ်ကွက်၊ သုမင်္ဂလာအိမ်ရာနေ ဦးသန်းလွင်+ဒေါ်လွင်လွင်ဦး မိသားစု Steel Stone Co.ltd မှ အ.ထ.က(၂)သ င်္ဃန်းကျွန်း  Community Based Facilities Quarantine Center သို့ နံနက်၊ နေ့လယ်နှင့် ညနေစာ စားသောက်ဖွယ်ရာ ထမင်း(၃၀၀)ဘူး လာရောက်လှူဒါန်းသို့ခဲ့ရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်က လက်ခံရယူခဲ့ကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
 ရဲမင်းထွန်း (ပြန်/ဆက်)