သာယာဝတီ အောက်တိုဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးက ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်မြေများအတွင်း ကြိုတင်ဆန္ဒမဲပေးနိုင်ရန် မဲလက်မှတ်၊ မဲပုံးနှင့် ဆက်စပ်ပစ္စည်းများ ထုတ်ပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
အဆိုပါပစ္စည်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်သင်နှင့် အဖွဲ့ဝင်များ၊ ဝန်ထမ်းများတို့က မဲပုံး၊ လုံခြုံရေးကြိုး၊ အမှန်ခြစ်တံဆိပ်တုံး၊ မဲလက်မှတ်၊ မဲလက်မှတ် စာအိတ်ကြီး၊ မဲလက်မှတ်စာအိတ်သေး (ပြည်/မျိုး/တိုင်း)၊ ပုံစံ-၁၃ စာရွက်၊ မဲစာရင်းပုံစံ(၁)၊ (၁-က) Training Bag (Memory Stick တစ်ခုစီပါ) စုစုပေါင်းပစ္စည်း(၉) မျိုးအား ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများထံ ထုတ်ပေးခဲ့သည်။
သာယာဝတမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာပေါင်း (၆၉)အုပ်စု၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း (၁၂၂၁၇၉)ဦးရှိပြီး ကြိုတင်ဆန္ဒမဲပေးခြင်းကို အောက်တိုဘာ ၂၉ ရက်နေ့မှ စတင်ကာ နိုဝင်ဘာ ၇ ရက်နေ့ထိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
သန့်ဇော်(သာယာဝတီ)