အောင်လံ ဒီဇင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့များ ဒေသကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ညနေ ၃ နာရီချိန်ခန့်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်နှင့်အဖွဲ့ဝင်များသည် မောင်းမလှုပ်ကျေးရွာ အုပ်ချုပ်ရေးမှူးအိမ်တွင် တောင်သူများနှင့်တွေ့ဆုံခဲ့သည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်က တောင်သူများနှင့်တွေ့ဆုံရာတွင် ဆောင်းသီးနှံများစိုက်ပျိုးရေး၊ နွေစပါးဆာဖိုးသာ စိုက်ပျိုးရေးနှင့် တောင်သူများအနေဖြင့် ရေပေးဆောင်နိုင်ရေးကို အလေးပေးစေလိုကြောင်း ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)မှ နယ်မြေလုံခြုံနှင့် ဒေသလုံခြုံရေးအခြေအနေများကို ဆွေးနွေးပြောကြားကာ မြို့နယ်ဆည်မြောင်းဦးစီးမှူးက ဘွက်ကြီးဆည်ရေသောက်တောင်သူများအနေဖြင့် နွေစပါးစိုက်ပျိုးရာတွင် ရေပေးဝေလုံလောက်ပေးဆောင်နိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဥက္ကဋ္ဌနှင့်အဖွဲ့သည် ဆောင်းရာသီ ကြက်သွန်နီစိုက်ပျိုးထားရှိမှုများကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)