သံဖြူဇရပ် အောက်တိုဘာ ၂၆
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၌ ၂၀၂၀ပြည့်နှစ် ၊ နိုဝင်ဘာ (၈) ရက်နေ့တွင် ကျင်းပ မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲရုံတာဝန် ထမ်းဆောင်ကြမည့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာဆင့်ပွားသင်တန်းကို ယနေ့ နံနက် (၁၀) နာရီခန့်ကသံဖြူဇရပ်မြို့နယ် ပငကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်း၌ ပြုလုပ်သည်။
အဆိုပါသင်တန်းကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် မြို့နယ်ပြန်/ဆက် ဦးစီးမှူး ဒေါ်အေးအေးသီက ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းအဆင့်ဆင့်ကိုပြောကြားပြီး သင်တန်း တက်ရောက်လာကြသည့် မဲရုံအဖွဲ့ဝင်များမှ မိမိတို့သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြပြီး တာဝန်ရှိသူမှလည်း ပြန်လည်ဖြေကြား ဆွေးနွေး ခဲ့သည်။
အဆိုပါသင်တန်းကိုသံဖြူဇရပ်မြို့နယ်အတွင်းရှိ မဲရုံ (၇၄) ရုံမှ မဲရုံအသီးသီးတွင် တာဝန် ထမ်းဆောင်ကြမည့် မဲရုံအဖွဲ့ဝင် (၁၇၅၄) ဦးကို မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ မဲရုံများ အလိုက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အောက်တိုဘာ (၂၅) ရက်မှ (၂၈) ရက်ထိသင်ကြားဆွေးနွေးသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးမှသိရသည်။
အေးအေးသီ(ပြန်/ဆက်)