ချောင်းဆုံ အောက်တိုဘာ ၂၆
၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခြေခံ အကျဆုံးနှင့် အဓိက လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ရမည့် ရပ်/ကျေးကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့်မဲရုံတာဝန်ထန်းဆောင်မည့်သူများအားကြိုတင်မဲပေးခြင်းဆိုင်ရာလုပ်ငန်းများနှင့်မဲရုံ သရုပ်ပြသခြင်းကိုယမန် နေ့မွန်းလွဲ(၃)နာရီခန့်ကချောင်းဆုံ မြို့နယ်ကျွန်းသာယာခန်းမတွင် ကျင်းပပြုလုပ်သည်။
အဆိုပါသရုပ်ပြခြင်းလုပ်ငန်းကိုမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှတာဝန်ရှိသူများက ကြိုတင် မဲဆိုင်ရာ လုပ်ငန်းများ၊ဒုမဲရုံမှူးနှင့် မဲရုံတာဝန်ခံအဖွဲ့ဝင်များသိရှိရမည့် အချက်များအား ရှင်းလင်း ခြင်း၊ ကြိုတင်မဲပေးမည့်လုပ်ငန်းများနှင့် မဲပေးပုံအဆင့်ဆင့်တို့ကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)