ရှမ်းရွာသစ် ဒီဇင်ဘာ ၁၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လူငယ်များ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ စာရေးဆရာဖေမြင့်ရေးသားသော" ပြောတတ်ဆိုတတ်ပေါင်းသင်းတတ်တဲ့သူ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေ နွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့ဝင်များက ကမ္ဘာပေါ်ရှိ မြို့ပြပြည်ရွာတွင် တစ်နေ့တစ်ခြား လူဦးရေတိုးပွားကာ လူနေထူထပ်ကျပ်သိပ်လာသည်နှင့်အမျှ လူနှင့်လူချင်း ဆက်ဆံပေါင်းသင်းရေးကိစ္စသည် အရေးကြီးသော အခန်းကဏ္ဍတစ်ရပ်ဖြစ်ကြောင်း၊ ပညာတစ်ရပ်တတ်ထားရုံနှင့်မျှမက ကိုယ့်ပညာ၏ စွမ်းအားကို လူအများအကြား အထိရောက်ဆုံးပုံစံဖြင့် ဖြန့်ချိပြသနိုင်မှသာ ပညာ၏ အကျိုးကျေးဇူးကို အပြည့်အဝခံစားရနိုင်မည့် သဘောရှိလာကြောင်း၊ ယခုဆွေးနွေးသည့် စာအုပ်တွင် စာဖတ်သူတို့ အတုယူနည်းမှီလောက်သည့် အပြောအဆိုလိမ္မာသူ၊ လူမှုဆက်ဆံရေးကျွမ်းကျင်သူ၊ ပါရဂူများ၏ လမ်းညွှန်ချက်များ လက်တွေ့နည်းနာများကို ရှာဖွေစုစည်းထားပြီး မြန်မာဘာသာဖြင့် ဆီလျော်အောင် ဘာသာပြန်ထားသဖြင့် လူငယ်များဖတ်ရှုသင့်သည့် စာအုပ်ကောင်းလေးတစ်အုပ်ဖြစ်ကြောင်း စသည်ဖြင့် စာအုပ်တွင်ပါရှိသည့် အကြောင်းအရာများကို အကျဉ်းချုပ်ဆွေနွေးခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့နှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို တစ်လလျှင် (၂)ကြိမ် ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)