ကိုကိုးကျွန်းမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူး သင်တန်းဖွင့်လှစ်

ကိုကိုးကျွန်း အောက်တိုဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးသင်တန်းကိုယနေ့ နံနက် ၉ နာရီအချိန် ၌ ကိုကိုးကျွန်းမြို့နယ် အထကခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်၊၊                     သင်တန်းအဖွင့်အမှာစကား ပြောကြားရာတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်ဇော်မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် စပ်လျဉ်ပြီး ရှင်းလင်းပြောကြားခဲ့သည် ၊၊  
အဆိုပါသင်တန်းတွင် သင်တန်းနည်းပြများမှ မဲရုံဖွင့်လှစ်ရန် ပြင်ဆင်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ဘေးကင်းလုံခြုံမှု၊ မဲရုံမှူးများ ရယူထားရမည့် ပုံစံများနှင့် မဲရုံသုံးပစ္စည်းများ၊ မဲရုံအဖွဲ့ဝင်များ လုပ်ဆောင်လိုက်နာကြရမည့် ဆောင်ရန်၊ ရှောင်ရန်များ၊ မသန်စွမ်းသူများ အကူညီလိုအပ်သော မဲဆန္ဒ ရှင်များ ဆန္ဒမဲပေးခြင်း အဆင့်ဆင့်နှင့် မဲရုံဖွင့်ခြင်း၊ မဲရုံပိတ်ခြင်း၊ မဲလက်မှတ်ရေတွက်ခြင်း၊ ခိုင်လုံမဲ ပယ်မဲတို့ကို သေချာတိကျအောင် ဆုံးဖြတ်နိုင်စေရေးတို့ကို လက်တွေ့သင်တန်းပို့ချခဲ့ကြောင်း သိရသည်။           ယခုဖွင့်လှစ်သော သင်တန်းကို  ကိုကိုးကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)နှင့် မဲဆန္ဒနယ်အမှတ်(၂)တို့ တွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်(၃၂)ဦး တက်ရောက်ခဲ့ပြီး ကျန်မာရေးနှင့်အားကစားဝန်ကြီးဌာန၏    ညွှန်းကြားချက်နှင့်အညီ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်၊၊
ကိုကိုးကျွန်း(ပြန်/ဆက်)