စမ်းချောင်း အောက်တိုဘာ ၂၆
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်အတွင်းရှိ ပြည်သူများ နေအိမ်ပြင်ပမှ ထွက်ခွာတိုင်း နှာခေါင်းစည်း Mask များ မပျက်မကွက် တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက် များကို လိုက်နာကြရန်အတွက် မြို့နယ်ကိုဗစ်-၁၉ စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့မှ ယမန်နေ့က လူအများစည်ကားရာ နေရာများတွင် Mask နှာခေါင်းစည်း မတပ်ဆင် သူများကို စစ်ဆေးအရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊
ထိုသို့စစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးကော်မတီရုံးမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အဖွဲ့မှ မြို့နယ်အတွင်းရှိ စျေး၊ လမ်းမများ၊ ရပ်ကွက်များအတွင်း လှည့်လည်စစ်ဆေး၍ နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိသူ (၂၁)ဦး ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအသိပညာပေးခြင်းများ ဆောင်ရွက်ပြီး ဒဏ်ရိုက်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်ချောစုဝင်း (ပြန်/ဆက်)