တန့်ဆည် အောက်တိုဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက်ကြိုတင်မဲပေးမည့်ဆန္ဒမဲပုံးများအားပြည်ထောင်စုရွေးကောက်ပွဲကောက်မရှင်၏ လမ်းညွှန်ချက်များနှင့်အညီ စစ်ဆေး၍ လုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ် ခြင်းကို ယနေ့မွန်းလွဲ(၂)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်စွာမင်း၊ မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းမောင် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စေ့စပ် ညှိနှိုင်း ရေးကော်မတီ ဝင်များနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များရှေ့တွင် ပွင့်လင်း မြင်သာမှု ရှိစေရန် မဲဆန္ဒနယ် ပြည်ပရောက် ကြိုတင်မဲပေးနိုင်သည့် မဲဆန္ဒရှင်များ ကြိုတင် ဆန္ဒမဲ ပေးနိုင်ရေးအတွက် ရောက်ရှိ လာသော ဆန္ဒမဲလက်မှတ်စာအိတ်များအား လုံခြုံစွာ ထည့်သွင်း သိမ်းဆည်းနိုင်ရေးအတွက် ကြိုတင် မဲပုံးအားစစ်ဆေး၍ လုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ငြိမ်းမင်းထွန်း(တန့်ဆည်)