လှိုင်းဘွဲ အောက်တိုဘာ ၂၆
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ တွေ့ရှိပါက မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတွင် ဆေးကုသမှုများ ဆောင်ရွက်ပေး လျက်ရှိရာ ယမန်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာ(၆)ဦး ကျန်းမာရေးပြန်လည်ကောင်းမွန်လာ၍ ဆေးရုံမှဆင်းခွင့်ရပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ အတည်ပြုလူနာ(၆)ဦးမှာ လှိုင်းဘွဲမြို့(ခ)ရပ်ကွက် သီတာအေးလမ်းမှ အသက် (၂၇) နှစ်နှင့် အသက်(၁၆)နှစ်၊ (ခ)ရပ်ကွက် ကုန်သည်လမ်းမှ အသက် (၃၀) နှစ်နှင့် အသက်(၃၃)နှစ်၊ (ဂ) ရပ်ကွက် ခေမာလမ်းမှ အသက်(၄၉)နှစ်နှင့်(ဃ)ရပ်ကွက် ဒေါန(၂)လမ်းမှ အသက်(၄၂)နှစ် စုစုပေါင်း အတည်ပြုလူနာ(၆)ဦးကို Swab နမှုနာ ရယူပြီး စစ်ဆေးရာ ရောဂါပိုးတွေ့ရှိသဖြင့် အောက်တိုဘာ (၁၅) ရက်နေ့က လှိုင်းဘွဲမြို့နယ် ပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူခဲ့ကြောင်း သိရသည်။ လူနာ(၆)ဦးမှာ ရောဂါပျောက်ကင်းပြီးဖြစ်၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွန်ချက်နှင့်အညီ ဆေးရုံမှဆင်းခွင့်ရခဲ့ပြီး ၎င်းတို့၏နေအိမ်တွင် (၇)ရက် အသွား အလာ ကန့်သတ်ထားရှိမည် ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)