ကိုကိုးကျွန်း အောက်တိုဘာ ၂၆
ကိုကိုးကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးမှကို ကိုးကျွန်းမြို့နယ်သို့(၂၀-၁၀-၂၀၂၀)ရက်နေ့တွင်သင်္ဘောခရီးစဉ်ဖြင့် ရောက်ရှိလာသော ခရီးသည်၅၈ဦးအား ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ညွှန်ကြားချက်များနှင့် အညီ ကျန်းမာရေး ဝန်ထမ်းများ နှင့်မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးကော်မတီတို့ ပူးပေါင်းပြီး အပူချိန်တိုင်းခြင်းနှင့် လိုအပ်သော ကျန်းမာရေး စောင့်ရှောက်ပေးမှုများကိုပြုလုပ်ပေးခဲ့ပြီးကိုကိုးကျွန်းအထကကျောင်းတွင်စောင့်ကြည့်သူများဖြစ် Quarantine ထားရှိရာ ယမန်နေ့နံနက် ၈ နာရီအချိန်တွင် သတ်မှတ်ရက်အတွင်း ကျန်းမာရေးကောင်းမွန် သောကြောင့် သက်ဆိုင်ရာနေရာများသို့ပို့ဆောင်ပေးခဲ့ ကြောင်းသိရသည်။
ကိုကိုးကျွန်းမြို့နယ်တွင်ယခုအချိန်အထိကိုဗစ်-၁၉ရောဂါပိုးရှိသူတစ်ဦး တစ်ယောက်မျှမတွေ့ရသလို ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိမြို့နယ်အားလုံးအနက် stay at home အစီအစဉ်၌အကျုံးမဝင်သော တစ်ခုတည်း သောမြို့နယ်လည်း ဖြစ်ကြောင်းသိရသည်။
ကိုကိုးကျွန်း(ပြန်/ဆက်)