ပန်းဘဲတန်း အောက်တိုဘာလ ၂၆
ပန်းဘဲတန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေး ဆောင်ရွက် မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးအစည်း အဝေးခန်းမ တွင်ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
ရှေးဦးစွာ ပန်းဘဲတန်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ကျော်ညွန့်က အထူးရဲနည်းပြ (ဆင့်ပွား) သင်တန်းဖွင့်လှစ်မှု အခြေအနေ၊ ဇုန်လုံခြုံရေးတာဝန်ချထားမှုအခြေအနေ၊ မဲရေတွက်ချိန်လုံခြုံရေးတာဝန်ချထားမှုအခြေအနေနှင့် ရွေးကောက်ပွဲကျင်းပစဉ် စည်း(၅)စည်း ထားရန်ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဆက်လက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်က အခြေခံပညာကျောင်း(၂) ကျောင်းတွင် Quarantine Centre ထားရှိသည့်အတွက် မဲရုံပြောင်းရွှေ့ဖွင့်လှစ်မှုနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့်အညီ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များကို ဆောင်ရွက်ရန်မှာကြားဆွေးနွေးပြီးနောက်၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးအောင်မိုးကျော်က အသက်(၆၀)နှစ်နှင့်အထက် ကြိုတင် ဆန္ဒမဲပေး နိုင်ရေး အတွက် ကြိုတင်စီစဉ်ဆောင်ရွက်မှုအခြေအနေများအား ဆွေးနွေးခဲ့ပြီး၊ မြို့နယ်ဥပဒေအရာရှိ ဦးအောင်မျိုးသန့်က ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေနှင့်အညီဆောင်ရွက်ရန် လိုအပ်ကြောင်း ပြန်လည် ဆွေးနွေးခဲ့ကြပါသည်။
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အဆင့်ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေးစီမံ ခန့်ခွဲမှုကော်မတီ (၁၄)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
နေခြည် (ပြန်/ဆက်)