ဒဂုံမြို့နယ်လုံးဆိုင်ရာ ပါဠိပထမပြန် စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့် စာအောင်ဆု ဆက်ကပ်ချီးမြှင့်

ဒဂုံ       ဖေဖော်ဝါရီ       ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် သံဃနာယကအဖွဲ့မှ ကြီးမှူး၍   ၂၀၁၉ ခုနှစ်၊  ဓမ္မာစရိယစာမေးပွဲအောင်   သံဃာတော်(၃)ပါးနှင့်  ပထမပြန် စာမေးပွဲအောင်  စာအောင်သံဃာတော် (၇) ပါးတို့အား အောင်လက်မှတ်နှင့် စာအောင်ဆု ဆက်ကပ်ချီးမြှင့်ပူဇော်ပွဲကို ယမန်နေ့ မွန်းလွဲ ၂နာရီက ပြည် အရှေ့ရပ်ကွက် အိမ်တော်ရာစေတီတော်ဝင်း ရတနာ့ဗိမာန်ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီးမြို့နယ် သံဃနာယကဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တရာဇိန္ဒသီရိထံမှ  ငါးပါး သီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအီနွယ်လှိုင်ပူ က သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြပြီး ၂၀၁၉ ခုနှစ်၊ ဓမ္မာစရိယစာမေးပွဲအောင် သံဃာတော် (၃) ပါးနှင့် ပထမ ပြန်စာမေးပွဲအောင် စာအောင် သံဃာတော် (၇) ပါး တို့အား အောင်လက်မှတ်နှင့်  စာအောင်ဆုများကို ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးအောင်ကိုကို၊  မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးသိန်းဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူတို့က  ဆက်ကပ်လှူဒါန်းကြသည်။  လှူဒါန်းပူဇော်ပွဲအပြီးတွင်  မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တရာဇိန္ဒသီရိက ဩဝါဒအနုမောဒနာတရား မိန့်ကြားပေးပြီး ရေစက်သွန်းချ အမျှပေးဝေကြကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)