မောင်တော ဒီဇင်ဘာ ၂၂
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ ဝန်ထမ်းများက “မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာသိနားလည်မှု” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး(တာဝန်ပေး) ဦးမြင့်ခိုင်က “မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာသိနားလည်မှု”စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်းနှင့် မီဒီယာဆိုင်ရာသိနားလည်မှု အဓိပွါယ်အား ရှင်းလင်းပြောကြားပြီး ခရိုင်ရုံးရှိဝန်ထမ်းများက စာအုပ်ပါ အကြောင်းအရာများဖြစ်သော မီဒီယာသိနားလည်မှု အခြေခံများ၊ မီဒီယာဆိုင်ရာ သိနားလည်မှုသည် မည့်သည့်အတွက်ကြောင့် အရေးကြီးသနည်း၊ သတင်းတစ်ပုဒ်ကို ခွဲခြားစိတ်ဖြာခြင်း၊ မိုဘိုင်းသတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု၊ ဒီဂျစ်တယ်ဆိုင်ရာ သိရှိနားလည်မှု စသည့် ခေါင်းစဉ်များတွင် ပါဝင်သော အချက်အလက်များ အကြောင်းအရာများအား တစ်ဦးချင်း ဖတ်ကြားခဲ့ကြပြီး သိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး ၊ အောင်ကျော်စိန်