ပန်းတောင်းမြို့နယ်အတွင်းရှိ မဲရုံအသီးသီးအား မဲပုံးများနှင့် မဲရုံသုံးပစ္စည်းများထုတ်ပေး

ပန်းတောင်း အောက်တိုဘာ ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်/ကျေးရွာ  ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံသို့ ကြိုတင်ဆန္ဒမဲလက်မှတ်များ၊ မဲပုံးများနှင့် မဲရုံသုံးပစ္စည်းများကို ယမန်နေ့ နေ့လယ် ၁ နာရီက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထို့နောက် ပန်းတောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ (၄၉)ရှိ မဲရုံပေါင်း (၁၃၅)ရုံ အတွက် ကြိုတင်ဆန္ဒမဲ လက်မှတ်များ၊ မဲပုံးများ၊ ရွေးကောက်ပွဲနှင့် ပတ်သတ်သည့် မဲပေးပုံ အဆင့်ဆင့် ပညာပေးဗီဒီယိုခွေများ၊ သိမှတ်ဖွယ်ရာ စာအုပ်များ၊ စည်းမျဉ်း၊ စည်းကမ်း စာအုပ်များ၊ လုံခြုံရေးကြိုးများ၊ မဲရုံမှူး၏ တံဆိပ်တုံးများ၊ စာရေးကိရိယာများစသည့် မဲရုံသုံးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ စိစစ် ထုတ်ပေးလျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
သင်းသင်းအေး (ပြန်/ဆက်)