ဒဂုံ အောက်တိုဘာ ၂၇
ကိုဗစ်-၁၉ ရောဂါ ထိရောက်စွာ ကာကွယ်ရေးနှင့်ပတ်သက်၍ ရောဂါကူးစက်ပျံ့နှံ့မှုကို ဆက်လက် ထိန်းချုပ်နိုင်ရန် ပြည်သူများ တိကျစွာလိုက်နာနိုင်ရေးအတွက် အသိပေး နှိုးဆော်ခြင်းကို ယမန်နေ့ည (၇) နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်အတွင်းရှိ ယောမင်းကြီး ရပ်ကွက်၊ ဘုရားကြီးရပ်ကွက်၊ ဦးဝိစာရ ရပ်ကွက်၊ ပြည်အရှေ့ရပ်ကွက်နှင့် ပြည်အနောက် ရပ်ကွက်တို့၌ သက်ဆိုင်ရာ ရပ်ကွက်တာဝန်ခံများက အသံချဲ့ စက်ဖြင့် နှိုးဆော်ကြောင်း သိရသည်။
နှိုးဆော်ပေးရာတွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုနှုန်း မြင့်မားလာမှုကြောင့် ပြည်သူလူထု အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်စည်းမျဉ်း၊ စည်းကမ်းများ လိုက်နာကြရေး၊ မလိုအပ်ဘဲ နေအိမ်ပြင်ပသို့သွားလာခြင်းမပြုကြရန်နှင့် မဖြစ်မနေသွားလာရန် လိုအပ်ပါက ကာကွယ်ရေးပစ္စည်းများ စနစ်တကျတပ်ဆင်ခြင်းဖြင့် ရောဂါကူးစက်ပြန့်ပွားမှုကို ပူးပေါင်း ကာကွယ်ကြစေလိုကြောင်းနှိုးဆော်ထားသည်။
ဇာဖြူဝင်း(ပြန်/ဆက်)