မော်လမြိုင် ဒီဇင်ဘာ ၂၄
မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယနေ့ နံနက်ပိုင်းက ချောင်းဆုံမြို့နယ် ကညှော်ကျေးရွာ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ကျိုက်ကော့ရွဲစေတီတော်မြတ် ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော် လှည့်လည်ပူဇော်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
ရှေးဦးစွာ အလှူတော်မင်္ဂလာမဏ္ဍပ်၌ သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ကြပြီး စေတီတော်ဩဝါဒါစရိယကညော်တိုက်ကျောင်းဆရာတော် ဘဒ္ဒန္တပညာဇောတိထံမှ ငါးပါးသီလတော်မြတ် ခံယူဆောင့်တည်ကြကာ ဆရာတော်ဘုရားထံမှ ဩဝါဒအနုမောဒနာတရားနာယူ ကြည်ညိုခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ရတနာစိန်ဖူးတော်မြတ်၊ ငှက်မြတ်နားတော်တို့အား မော်လမြိုင်နဂါးမောက်ဆင်တော်ရတနာသုံးစင်းပေါ်သို့ပင့်ဆောင်၍ ကညှော်ကျေးရွာ ဒေသအတွင်းသို့ အပူဇော်ခံလှည့်လည်ခဲ့ကြပြီး ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ကျိုက်ကော့ရွဲ စေတီတော်မြတ်ကြီး၏ ရတနာစိန်ဖူးတော်မြတ်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်တင်လှူပူဇော်ပွဲနှင့် စေတီတော်မြတ်ကြီးဘက်စုံမွမ်းမံလှူဒါန်းမှုတို့အား ရေစက်ချမင်္ဂလာအခမ်းအနားကို နတ်တော်လပြည့်နေ့(ဒီဇင်ဘာ ၂၇)တွင် တင်လှူပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)