လှိုင်းဘွဲမြို့ လူထုအခြေပြုဗဟိုဌာန၌ Book Club အဖွဲ့ စာဖတ်ဝိုင်းကျင်းပ

လှိုင်းဘွဲ    ဖေဖော်ဝါရီ  ၂၆

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာရေးဆရာအောင်သစ်၏ “မိမိဘဝ မိမိထူထောင်” အောင်မြင်ရေးစာအုပ်ဖြင့် ယနေ့ နံနက် (၉)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြန်/ဆက်ဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းမြင့်က စာပေချစ်မြတ်နိုးသူများ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှု ရရှိလာစေရန်၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိပြီး စာပေမှရရှိသည့် အသိပညာဗဟုသုတများဖြင့် အမှား/အမှန်ကို ခွဲခြားတတ် လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် (Book Club)အဖွဲ့ဝင် ဒေါ်မာမာအေးက မိမိဘဝ မိမိထူထောင်အောင်မြင်ရေး စာအုပ်တွင် ပါရှိသည့် အကြောင်းအရာများကို ဉီးဆောင် ဆွေးနွေးခဲ့ရာ ဒေါ်တင်တင်စန်းက မိတ်ကောင်းဆွေးကောင်းဆိုတာ ဘာလဲ အကြောင်းအရာများကို လည်းကောင်း၊ ဒေါ်ခင်စန်းဦးက လူအများစုနှင့် ဆက်ဆံရေး အကြောင်းအရာများကို လည်းကောင်း တက်ရောက်လာကြသူများက စာအုပ်တွင်ပါရှိသော အကြောင်းအရာများအလိုက် အသီးသီး ပြန်လည် ဆွေနွေးခဲ့ကြကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)