သံတောင်ကြီး ဒီဇင်ဘာ ၂၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိစေရှိစေရန်၊ လူငယ်လူရွယ်များ အကောင်းအဆိုးအမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်၍ Book Club ၊ Youth Club အဖွဲ့ဝင်များက စာရေးဆရာဦးဘုန်း(ဓာတု)၏ “တွင်းအတွေးစကား” စာအုပ်ဖြင့် ယနေ့နံနက် (၁၀) နာရီက သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ နော်လော်မူက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး Book Club အဖွဲ့ဝင် နော်အယ်အဲက စာအုပ်ပါခေါင်းစဉ်ငယ်များဖြစ်သည့် ရက်လည်ဆွမ်း၊ မန်ကျည်စေ့ကလေးများ ၊ဦးဘုန်း(ဓါတု)မှာမိန်းမသုံးယောက်ရှိပါသည် စသည့်ခေါင်းစဉ်ငယ်များကို ဖတ်ကြားဆွေးနွေးခဲ့ပါသည်။
ဆက်လက်ပြီး Youth Club အဖွဲ့ဝင် နော်မူးဘွယ်က လောဘသေတ္တာ၊ ဒူးရင်းသီးပုံပြင်၊ ရှားပါးဓာတ်ပုံ၊ သားသမီးပုခုံးထက်က မုန်လာဥနှင့် ကြက်ဉ စသည့် အကြောင်းအရာများဖတ်ကြားဆွေေးနွေးပြီး တက် ရောက်လာသော Book Club နှင့် Youth Club အဖွဲ့ဝင်များက စာအုပ်ပါအကြောင်းအရာများအား အပြန်အလှန်ဖတ်ကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
နော်နော်မူ(ပြန်/ဆက်)