သံတောင်ကြီး ဒီဇင်ဘာ ၂၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာများကို ပြည်သူများသိရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်ကို ယနေ့နံနက်ပိုင်းက ပြသထားရှိကြောင်း သိရသည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် အလုပ်လုပ်ကိုင်နေသော ကလေးသူငယ်အခွင့် အရေးဆိုင်ရာဥပဒေများ၊ ကလေးသူငယ်များ၏ အကျိုးစီးပွား ဆောင်ရွက်ချက်များ၊ ကလေးသူငယ်များ၏ အခွင့်အရေးကိုဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး အတွက်ဆောင်ရွက်နေမှုများ၊ ကလေးအလုပ်သမားဟူသည် အဘယ်နည်း ကလေးအလုပ်သမား သည်တရားမဝင်ပါ၊ အပြည်ပြည်ဆိုင်ရာပြဋ္ဌာန်းချက်များ စသည့်အကြောင်းအရာများအား ပြသပေးခဲ့ရာကျောင်းသူ/ကျောင်းသားများ၊ ဒေသခံပြည်သူများက စိတ်ပါဝင်စားစွာလာရောက်ကြည့်ရှုကြသည်။
သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ ကျောင်းသူ/ကျောင်းသားများ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် နေ့ထူးနေ့မြတ်များနှင့် လစဉ်အခါအားလျော်စွာ အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နော်နော်မူ