မုဒုံ အောက်တိုဘာ၂၇
မွန်ပြည်နယ်မော်လမြိုင်ခရိုင်မုဒုံမြို့နယ်မြို့မ(၁)ရပ်ကွက်ရှိမုဒုံကြီးလူငယ်ရိပ်သာစာကြည့်တိုက်အ တွက်မွန်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းမှယနေ့နံနက်(၁၀)နာရီခန့်ကစာအုပ်စင်နှင့်စာအုပ်များပေးအပ်လှူဒါန်းသည်။
မုဒုံမြို့နယ်အတွင်းရှိပြည်သူများအသိပညာဗဟုသုတများရရှိစေရန်နှင့်စာဖတ်အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ မွန်ပြည်နယ်စာကြည့်တိုက်ဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌဦးချိုချိုနှင့် အဖွဲ့ဝင်များကအလျား(၈)ပေခွဲ၊ အနံ(၆)ပေရှိစာအုပ်စင်တစ်ခု တန်ဖိုးငွေကျပ်နှစ်သိန်းခြောက် သောင်းကျပ်ကိုလည်ကောင်း၊ သုတ၊ ရသစာအုပ်များတို့ကိုလည်ကောင်းပေးအပ်လှူဒါန်းခဲ့ရာ စာကြည့်တိုက်ကော်မတီဝင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတို့ကလက်ခံခဲ့ကြောင်းသိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)