လမ်းမတော်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

လမ်းမတော်  မတ်  ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်အတွင်းရှိ ဈေးများ၊ ကားမှတ်တိုင်များ စသည့် လူစည်ကားရာနေရာများတွင်  ကိုရိုနာဗိုင်းရပ်စ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် (၁၁) နာရီ ခွဲအချိန်က လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းအားဖြင့် ကိုရိုနာဗိုင်းရပ်စ်၏ ပြင်းထန်အဆုတ်ရောင် ရောဂါအကြောင်းကို ပြည်သူများ သေချာစွာ သိရှိနားလည်ပြီး ရောဂါဖြစ်ပွားမှုမရှိစေရန် တစ်ကိုယ်ရည် သန့်ရှင်းစွာနေထိုင်ရေးနှင့် လူထူထပ်သော နေရာများ သွားရောက်ပါက ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများကို သိရှိစေရန်တို့အတွက် ကျန်းမာရေး အသိပညာပေး လက်ကမ်း စာစောင် များကို ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း သိရသည်။

ကျော်ဆန်းမြင့်