ကော့မှူး အောက်တိုဘာ ၂၇
ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် ယနေ နံနက်က လူစည်းကားရာနေရာများဖြစ်သော လမ်းဆုံလမ်းခွများတွင် နှာခေါင်းစည်း Mask မတပ်ဆင်သူများကို ယခု ဝယ်ယခုတပ်စနစ်ဖြင့် ဆောင်ရွက်နေကြောင်းသိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ စည်ပင် သာယာရေး ကော်မတီဝင်များ၊ စည်ပင်သာယာရေး ဝန်ထမ်းများပူးပေါင်း၍ ကားများ၊ ဆိုင်ကယ်များ၊ လမ်းသွားလမ်းလာများတွင် နှာခေါင်းစည်းမတပ်ဆင်ဘဲ ဖြတ်သန်းသွားလာပါက ယခုဝယ် ယခုတပ်အစီအစဉ်ဖြင့် ဆောင်ရွက်နေကြောင်းသိရသည်။
ကော့မှူးမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့် အညီ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် နေအိမ်ပြင်ပသို့ထွက်ခွာတိုင်း နှာခေါင်းစည်း Mask တပ်ဆင်သည့် အလေ့အကျင့်ကောင်း ရရှိစေရန်နေ့စဉ် အရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက် နေကြောင်းသိရသည်။
ကျော်သူရ (ကော့မှူး)